၉ ဇန်နဝါရီ
ပုံပန်းသွင်ပြင်
|
ဇန်နဝါရီလ၊ (၉)ရက်နေ့ သည် ဂရီဂေါရီးယန်းပြက္ခဒိန်အရ တစ်နှစ်တာ၏ (၉)ရက်မြောက် နေ့ရက် ဖြစ်သည်။ ယင်းတစ်နှစ်တာ ကုန်ဆုံးရန် ရက်ပေါင်း (၃၅၆) ရက် (ရက်ထပ်နှစ်ဖြစ်လျှင် (၃၅၇) ရက်) ကျန်သေးသည်။
ဖြစ်ရပ်များ
[ပြင်ဆင်ရန်]- ၁၇၈၈ – ကွန်နက်တီကတ်ပြည်နယ်သည် အမေရိကန်ပြည်ထောင်စု၏ ပဉ္စမမြောက် ပြည်နယ် ဖြစ်လာခဲ့သည်။
- ၁၈၆၁ – မစ္စစ္စပီပြည်နယ်သည် အမေရိကန် ပြည်တွင်းစစ်မတိုင်မီ ပြည်ထောင်စုမှ ခွဲထွက်ခဲ့သော ဒုတိယမြောက်ပြည်နယ် ဖြစ်သည်။
- ၁၈၆၃ – အမေရိကန်ပြည်တွင်းစစ်: အာကင်ဆောပြည်နယ်တွင် အာကင်ဆောဆိပ်ကမ်းတိုက်ပွဲ စတင်ခဲ့သည်။
- ၁၉၀၉ – အားနက် ရှက်ကယ်လတန်သည် Nimrod စူးစမ်းလေ့လာရေးအဖွဲ့ကို ဦးဆောင်ကာ တောင်ဝင်ရိုးစွန်းသို့သွားရောက်ခဲ့ပြီး တောင်ဝင်ရိုးစွန်းမှ ၉၇ ရေမိုင် (၁၈၀ ကီလိုမီတာ; ၁၁၂ မိုင်) အကွာတွင် ဗြိတိသျှအလံကို စိုက်ထူခဲ့ရာ ထိုအချိန်က တောင်ဝင်ရိုးစွန်းသို့ အဝေးဆုံးသွားရောက်နိုင်ခဲ့သည့် အကွာအဝေး ဖြစ်ခဲ့သည်။
- ၁၉၄၅ – ဒုတိယကမ္ဘာစစ်: အမေရိကန်ပြည်ထောင်စုသည် ဖိလစ်ပိုင်နိုင်ငံ လူဇွန်ကျွန်းကို ကျူးကျော်ဝင်ရောက်ခဲ့သည်။
- ၂၀၀၇ – အက်ပဲအမှုဆောင်အရာရှိချုပ် စတိဗ်ဂျော့စ် သည် ပထမမျိုးဆက် အိုင်ဖုန်းကို ပြသခဲ့သည်။
မွေးဖွားသူများ
[ပြင်ဆင်ရန်]- ၁၉၁၃ – ရစ်ချက် နစ်ကဆင်၊ အမေရိကန် တပ်မှူး၊ ရှေ့နေနှင့် နိုင်ငံရေးသမား၊ အမေရိကန်ပြည်ထောင်စု၏ ၃၇ ဦးမြောက် သမ္မတ (၁၉၉၄ ကွယ်လွန်)
- ၁၉၄၂ – လီကွန်ဟီး၊ တောင်ကိုရီးယား စီးပွားရေးလုပ်ငန်းရှင်
- ၁၉၆၃ – မိုက်ကယ်အယ်ဗာဆန်၊ အမေရိကန်-အိုင်းရှစ်လူမျိုး ဘာသာဗေဒပညာရှင်
ကွယ်လွန်သူများ
[ပြင်ဆင်ရန်]- ၁၃၂၄ – မာကိုပိုလို၊ အီတလီလူမျိုး ကုန်သည်နှင့် စူးစမ်းလေ့လာသူ (၁၂၅၄ မွေး)